Pyi Ti O and Eaindar Kayw Zin

အနုပညာရှင် နှစ်ဦး ဖြစ်တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် တို့က အိမ်ထောင်ရှင်တွေ ဖြစ်သွားပြီ ဖြစ်တဲ့ အတွက် မိသားစု ဘ၀ ဆိုတာကို လိုချင်ကြမှာပါ။ အိမ်ထောင်ဖက် အနေနဲ့ လပိုင်းပဲ ရှိနေသေးတဲ့ သူတို့နှစ်ဦးရဲ့ မိသားစု ဘ၀ ပုံစံက ဘယ်လို ရှိမလဲလို့ မေးမြန်း ဖြစ်တာပါ။


 

အိန္ဒြာကျော်ဇင်ကို အရင်ဆုံး မေးမြန်း ဖြစ်တာက...

အူဝဲ(အိန္ဒြာကျော်ဇင်) လိုချင်တဲ့ Family Life က  ဘယ်လို ပုံစံမျိုးလဲ၊ သားသမီး ဘယ်နှယောက် ယူမှာလဲ။

Family Life ကတော့ တစ်ချိန်ကျရင် ကံတရားက ပေးတဲ့ အတိုင်းပါပဲ။ အူဝဲတို့ကတော့ ပျော်စရာ ကောင်းတဲ့ မိသားစု ဘ၀လေးကို လိုချင်တာပေါ့နော်။ အခု အချိန်မှာတော့ နှစ်ယောက်တည်းပေါ့။ သားသမီးက အများကြီးတော့ မမွေးနိုင်ဘူး။ ကြောက်တယ်။ သူကတော့ နှစ်ယောက်လောက်တော့ လိုချင်တယ် ပြောတယ်။ အူဝဲကတော့ လိုတော့ လိုချင်ပါတယ် ဒါပေမဲ့ ကြောက်လည်း ကြောက်တယ်။ အဲဒီလိုမျိုး ဖြစ်နေတယ်။

မွးရမှာ  ကြောက်တယ်ဆိုတော့ အူဝဲစိတ်ကူး အရဆို သားသမီး တစ်ယောက်ပဲ ယူမှာပေါ့။

ဟုတ်တယ်။ ဒါပေမဲ့လည်း အဲဒီလိုတော့ မဟုတ်ပါဘူး။ အခုက မွေးဖွားတာ အတွေ့အကြုံ မခံစားရသေးဖူးလေ။ တချို့ကျတော့လည်း သားသမီးတွေ အများကြီး မွေးကြတာပဲ။ ကိုယ်ခံစား သိမှာ။ သိပ်ပြီး မခံစားရဘူး ဆိုရင်တော့လည်း နှစ်ယောက် ယူမှာပေါ့။ သားသမီးရပြီ ဆိုရင် အူဝဲရဲ့အနုပညာအလုပ်ကို ခေတ္တ နားရတော့မယ်။ သားသမီးရပြီ ဆိုရင်တော့ နားရမယ်။ အခုတော့ ဇာတ်ကားတွေကို ၂၀၁၁ စက်တင်ဘာ အထိတော့ လက်ခံထားတယ်။ ကိုယ်ဝန် ရှိလာပြီ ဆိုရင်တော့ နားရမှာပဲ။

နံဘေးမှာ ထိုင်နေတဲ့ ပြေတီဦးကိုလည်း ဆက်ပြီး မေးဖြစ်ခဲ့ပါတယ်။

အိမ်ထောင်ဦးစီး ဖြစ်လာပြီဖြစ်တဲ့ အတွက် အနုပညာ အလုပ်နဲ့ အိမ်ထောင်ဦးစီး တာဝန် ဘယ်လိုတွေ လုပ်သွားမှာလဲ။

အခု လောလောဆယ်မှာတော့ သိပ်ပြီး ပြဿနာ မရှိသေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ရှုတင်ပေါ်မှာပဲ နှစ်ယောက်စလုံး ရှိနေမှာပဲလေ။ အဲဒီ အပေါ်မှာ ကျွန်တော်က အချိန်မျှပေး ရတာမျိုးတို့၊ ဘာတို့ ထူးထူးခြားခြား မရှိလာသေးဘူး။ တကယ်လို့ မိသားစု ပုံစံတစ်ခု ရှိလာပြီ ဆိုရင်တော့ အဲဒီအပိုင်းကို အလေးပေးဖို့ စဉ်းစား ရမှာပေါ့။ အခုကတော့ ဒီအလုပ်ပေါ်မှာ နှစ်ယောက်စလုံး အတူတူ ရှိနေတဲ့ အတွက် ဘာပြဿနာမှ မရှိဘူး။ အစစ အရာရာပေါ့။ အိမ်ထောင်တစ်ခု ပြုလိုက်တယ်။ မိသားစု တစ်ခု ရှိလာတယ် ဆိုတာက လွဲရင် အရင်ပုံစံ အတိုင်းပဲ ရှိသေးတယ်။

၂၀၁၁ မတ်လက စပြီး ချစ်သူ ဖြစ်ခဲ့ကြတဲ့ ပြင်ဦးလွင်မှာ ဇာတ်ကားရိုက်မှာ ဆိုတော့ မှတ်မှတ်ရရ ဘယ်လိုတွေ ခံစား ရဦးမယ်လို့ ထင်လဲ။

မပြောတတ်သေးဘူး။ အဲဒီကျမှ သိမှာပါ။ ပြင်ဦးလွင်ကိုလည်း နှစ်စဉ် ဒီအချိန်မှာ ကားရိုက် သွားနေကျပဲလေ လို့ ပြေတီဦးက ဖြေပေးပါတယ်။

ပြေတီဦးက သားသမီး နှစ်ယောက် လိုချင်ပေမယ့် အိန္ဒြာကျော်ဇင်ကတော့ သားသမီး တစ်ယောက်ပဲ လိုချင်တာကြောင့် သူတို့ရဲ့မိသားစုမှာ သားသမီး ဘယ်နှယောက် ရှိလာမလဲ ဆိုတာ မသိသေးပါဘူး။ အခု လောလောဆယ် အချိန်ထိတော့ သားသမီး မရသေးဘဲ ကားရိုက်တွေ လက်ခံ ထားကြပါတယ်။

 

 

Author : ခင်လေးမြင့်
Source : Shweamyutay

 

 

 


blog comments powered by Disqus